Friday, 7 December 2012

မပြန်ချင်ပေမယ့်လည်း....

မပြန်ချင်ပေမယ့်လည်း....

နင့်ရဲ့အနားရှိနေတဲ့ခဏ
နင့်အပြုံးတွေငေးကြည့်နေရတဲ့ခဏ
နင့်ရင်ခုန်သံကိုနားစွင့်နေရတဲ့ခဏ
နင့်ရယ်သံတွေနဲ့အတူ
ကြည်နူးနေရတဲ့ခဏ…
ငါအရာအရာကိုမေ့သွားတယ်……..
ငါမပြန်ချင်ဘူး…..
ငါငေးကြည့်နေချင်သေးတယ်
ငါနားစွင့်နေချင်သေးတယ်
ငါကြည်နူးနေချင်သေးတယ်…
ဒီထက်မပိုပါဘူး..
ငါကျေနပ်တယ်
ငါ့အတွက်လုံလောက်တယ်
နင့်အနားရှိနေရတဲ့တခဏတွေကို
ခဏလောက်ရပ်တန့်ထားလိုက်ချင်တယ်…
သဘာဝတရားကြီးကိုတောင်းပန်ချင်တယ်
ကျေးဇူးပြုပြီးတော့….
ခြားနားထားတဲ့မိုင်များစွာကိုတိုက်စားပေးပါ……….
ဝေးဝေးကလွမ်းရတဲ့နေ့တွေကိုရပ်တန့်ပေးပါ…….
သူ့အနားမှာရှိနေခွင့်ပေးပါ……
သူ့အပြုံးတွေ ပိုင်ဆိုင်ခွင့်ပေးပါ………..
ထာဝရအတွက် သူ့ရင်ထဲမှာ
ကျွန်တော့်ကိုနေခွင့်ပေးပါ……
ဖြည့်ဆည်းပေးပါ…
အားလုံးကိုပြောပြချင်တယ်ဗျာ
ကျွန်တော်မပြန်ချင်သေးဘူး…………။


0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More