Friday, 7 December 2012

♪☺အမြဲရှိနေတယ်☺♪

ကောင်းကင်ကြီးကို မော့ကြည့်
ချစ်သူမျက်နှာရှိလေရဲ့။
လေတိုးသံလေးနားထောင်
ချစ်သူအသံလေးကြားယောင်ရဲ့။
အသက်မြှင်းမြှင်းရှူသွင်း
ချစ်သူရနံ့လေးသင်းနေရဲ့။
ဖြည်းဖြည်းချင်းလေး လှမ်းလျှောက်
ချစ်သူအနားမှာရောက်နေရဲ့။
တွေ့သမျှ မြင်သမျှ ကြားသမျှ ခံစားသမျှ
ဘာမှ မရှိပေမဲ့လဲ.......ချစ်သူရှိအမြဲရှိနေတယ်။
စကားလုံးလဲမရှိ၊ အသံမရှိ၊ ရနံ့လဲမရှိပေမဲ့
ချစ်သူအမြဲရှိနေတယ်........ချစ်နေလို့။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More