Monday, 5 March 2012

♥♥အချစ်စစ်မ၀င်၇♥♥

အချစ်မစစ်လို့သာ နင်အသစ်ထပ်ချစ်နိုင်ခဲ့တာပါ
အပြစ်လို့တော့ မဆိုချင်ပါဘူး
ငါကိုယ်တိုင်တောင် အချစ်ဆိုတဲ့အရာအကြောင်း
အခု ပြန်ပြောင်းမတွေးတော့ဘူး
အ လို့ချစ်တာပါ ချစ်လို့ အ လိုက်တာပါ
အဓိပ္ပါယ်စုံဖွင့် စကားလုံးတွေနဲ့ ရွက်လွှင့်ခဲ့ဖူးတယ်
အချစ်ကပေးတဲ့ သတ္တိနဲ့ အရာရာကိုရင်ဆိုင်ကြည့်ဖို့ တွေးခဲ့ဖူးသလို
အချစ်ကြောင့် ရတဲ့ဒဏ်ရာကြောင့် လောကကြီးရဲ့ အပြင်ဘက် ငါပြေးထွက်ချင်ခဲ့ဖူးတယ်
အချစ်ကြောင့် မျှော်လင့်ချက်တွေ ပျိုးပျိုးမိလို့ ခိုးခိုးပြီး ငိုခဲ့ရဖူးတာတွေရှိသလို
ငါရဖူးတဲ့အချစ်တစ်ခု သစ္စာမရှိမှုအောက်မှာ ကွယ်ပျောက်ဖူးတယ်
နင်ပေးလာတဲ့ အခုအချစ် အစစ်ဖြစ်တယ်အထင်နဲ့ ပျော်မယ်ကြံခါ ရှိသေး
ငါ့နံဘေးက နင်ကထွက်ပြေးသွားပြန်တယ်
အချစ်ကြောင့်……………...
အချစ်ကြောင့်………….
အချစ်ကြောင့်………
နောက်ဆုံးတော့
အချစ်ကြောင့် ရတာ ၀မ်းနည်စရာတွေသာ များလွန်းတာမို့
အခုဆို ငါလေ ငါ့နှလုံးသားအ၀င်မှာ စာတန်းရေးလို့
သတိပေးချက်လေး ကပ်ထားလိုက်တယ်
“ သံယောဇဉ် ကင်းမဲ့ရာနယ်မြေ ’’
“ အချစ်နဲ့အတူ မလာရ ”

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More